Artist: ထူးအိမ်သင်
Album: ချစ်ခြင်းအားဖြင့်
Genre: Pop
Intro
V1: အခုတော့
ငါနားလည်နိုင်ပါပြီ
အို ……. အသည်းက
ခွင့်လွှတ်ရင်း နောက်လှည့်ပြန်လာခဲ့ပြီ
ငါ ဘာတွေ အသေအချာ ပိုင်သလဲ မသိချင်တော့
ဘယ်အရာဟာ သေချာခဲ့သလဲ မသိနိုင်တော့
အို ခွင့်လွှတ်ရင်းနဲ့ ငါပြန်လာခဲ့ပြီ အိုး………….
V2: အခုတော့
ငါ သိတတ်ခဲ့ပြီ
အို အသည်းက နားလည်ရင်းနဲ့ နောက်လှည့်ကာပြန်ခဲ့ရပြီ
အခြေအနေတွေ မသေချာ ရှုပ်ထွေးလွန်းလေတော့
တူညီအောင် ရင်မှာ
အလျော်အစား မရနိုင်တော့
အိုး ခွင့်လွှတ်ရင်းနဲ့ ငါပြန်ရခဲ့ပြီ အိုး……….
Cho: ( ငါပြန်ခဲ့ပါပြီ
ငါလေပြန်ခဲ့ပြီ
ရင်မှာနားလည်ရင်း ငါလေပြန်ခဲ့ပြီ တကယ်ဆို လျှို့ဝှက်သော အဖြေရှာရန်မလွယ်သော ) ၂
Ø ဘဝဟာ
အိပ်မက် ခဏတာကောင်းကင်
အားလုံး တိမ်မိုးသားများ အတိုင်း လွင့်ပြယ်လေပြီ
ဒါ ဒါ ဒါ
ဒါ ဒါ
ငါပြန်ခဲ့တဲ့ ခရီး
ငါလေပြန်ခဲ့ပြီး
ရင်မှာနားလည်ရင်း ငါလေပြန်ခဲ့ပြီ