မေမြို့မိုး

Artist: စိုင်းထီးဆိုင်

Album: မေမြို့မိုး

Genre: Rock

ရွာမလိုလို လာမလိုလိုနဲ့
လေယူရာပါသွားတဲ့ မိုးတိမ်လို
မြင်သာမြင် မကြင်ရတဲ့မေတ္တာ
မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ
မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ
သူမချစ်တာကို သူမချစ်တာကို
ဘယ်လိုမှ အပြစ်ပြောဖို့မရှိပြီ

ဟိုအရင်တစ်ခါက ရေစိုထမီနဲ့
မိုးရေမှာလှပခဲ့ဖူးတာ ပြန်မြင်ယောင်လည်း
ရင်နာရုံကလွဲပြီးတော့ ဘာမှ မတက်နိုင်ဘူး
ခွင့်လွှတ်လိုက်ရပြီ စွန့်လွှတ်လိုက်ရပြီ
လက်လျှော့လိုက်ရပြီ
အိုး မေမြို့မိုး အစိုးမရတော့ပြီ
အိုး မေမြို့မိုး ကိုးမရတော့ပြီ
အိုး အိုး အိုး အိုး

မေမြို့မိုး မေမြို့မိုး

ပြန်ကြုံရင် ရင်ခုန်နေဆဲ
ဖွေသာဖွေ အဖြေမရှိတဲ့ ပုစ္ဆာလို
မှန်သာမှန် ပန်မပေးရ သစ္စာ
မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ
မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ
သူပစ်ခွာလို့ သူပစ်ခွာလို့
အခြေအနေတွေ တမျိုးပြောင်းလဲခဲ့ပြီ
ဒီလိုအချိန်မှာ လူမြင်မခံတဲ့
မျက်ရည်တွေ တိတ်တခိုးလေးကျလေ
ရင်နာတာကို မနာလိုနေပြတဲ့ ကြားတဲ့
ဘာမှ မတက်နိုင်ဘူး
ယောကျာ်းလည်း အသည်းနဲ့
ယောကျာ်းလည်း အလွမ်းနဲ့
ယောကျာ်းလည်း အဆွေးနဲ့
အိုး မေမြို့မိုး အစိုးမရတော့ပြီ
အိုး မေမြို့မိုး ကိုးမရတော့ပြီ
အိုး အိုး အိုး အိုး
မေမြို့မိုး မေမြို့မိုး

တစ်ခါတလေလည်း ပြန်မျှော်နေမိ
ဆန္ဒတွေရှိလွန်းလို့ မဟုတ်ပါလေ
မပြင်နိုင်တဲ့ အကျင့်ဟောင်းတစ်ခုသဘောပါ
မေမြို့မှာ မိုးပြန်ရွာဦးမလား
မေမြို့မှာ မိုးပြန်ရွာဦးမလား
ဘယ်သူပြောနိုင်မလဲ ဘယ်သူပြောနိုင်မလဲ
အချိန်ဆိုတာ အကောင်းဆုံးမေ့ဆေးပါ
ဂစ်တာအိုတောင် ပျိုရွယ်နေဆဲ
တေးသံနဲ့ သီချင်းသစ်ဖြစ်သေးရင်
အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပဲ ပြီးသင့်သလား
ငါနဲ့ ငါ့အနာဟောင်းနဲ့
အချစ်တစ်ခု ဖြစ်ရော့သလား
ဘဝတစ်ခု ဖြစ်ရော့လား
စဉ်းစားကြည့်စမ်းပါ
အိုး မေမြို့မိုး အစိုးမရတော့ပြီ
အိုး မေမြို့မိုး ကိုးမရတော့ပြီ
အိုး အိုး အိုး အိုး
မေမြို့မိုး မေမြို့မိုး