နာရီပေါ်မှ မျက်ရည်စက်များ

Artist: ထူးအိမ်သင်

Album: နာရီပေါ်မှမျက်ရည်စက်များ

Genre: Rock

V1

C                              Cmaj7

နာရီသံတွေ ဆူညံလွန်းနေ  ရင်ခုန်သံတွေ မြန်တယ် အချစ်ရေ

ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ တို့တတွေ ဒီအချိန်ဟာ နောက်ဆုံးလား

နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ

အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး စီး ဆင်းနေဆဲ....... ချစ်သူရေ

V2

ကြင်နာတာတွေ ပြန်လည်တွေးနေ နာကျင်ပါတယ် ကိုယ့်အသည်းတွေ

ယုံကြည်ချင်တယ် ကံတရားရေ ပြန်ဆုံနိုင်မယ် ထင်သေးလား

CHO: 

ငိုရင် ပုလဲ ရယ်ရင်ရွဲ အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့.. ရာ့

အခြေအနေမဲ့ ရွှေငွေမဲ့ အရာရာအားလုံး ရှုံးနေတဲ့ တို့နှစ်ယောက်ရဲ့ ဘဝ..

ဒါဟာ နောက်ဆုံးပဲ အချစ်ကလေးရယ် ဒါဟာ နောက်ဆုံးကွယ်

🎼🎼🎼

V3:

ဟန်ဆောင်နေတာ လိမ်ညာခြင်းလေ ပိုင်ဆိုင်ချင်တာ ဝန်ခံပါရစေ မဆုံနိုင်တာ ဘာကြောင့်လဲ မေ

တို့တွေ ဒီနေရာမှာ နောက်ဆုံးလား

နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ

အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး စီး ဆင်းနေဆဲ.......

ချစ်သူရေ နှလုံးသားထဲ ဆွေး

V4:

တကယ်ကြင်နာ မြတ်နိုးနေ မပန်ခင်မှာ မခြွေရက်ဘူးလေ

တစ်ချိန်ချိန်ကို ကိုယ် မျှော်လင့်နေ ပြန်ဆုံနိုင်မယ် ထင်သေးလား

CHO:

ငိုရင် ပုလဲ ရယ်ရင်ရွဲ အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့

အခြေအနေမဲ့ ရွှေငွေမဲ့ အရာရာအားလုံး ရှုံးနေတဲ့ တို့နှစ်ယောက်ရဲ့ ဘဝ..

ဒါဟာ နောက်ဆုံး..ပဲ အချစ်ကလေးရယ် ဒါဟာ နောက်ဆုံးကွယ် ဒါဟာ နောက်...ဆုံး နောက် ဆုံး... ပဲ.....